Friday, January 29, 2010

ကျားသီလ နန့် ခရီးသယ်နှစ်ယောက်

တခါက သာဟန် နန့် လှဘော်ရို့ သူငယ်ချင်းနှစ်ယောက် ခရီးလားယင်း ရိုးမကိုဖြတ်ဖို့ကျရေ ။ ယင်းနိန်ရာက လမ်းကြမ်းရေ ၊ ခရီးလားတိမကြာမကြာ အခက်အခဲကြုံကပ်ရရေ။ သူငယ်ချင်းနှစ်ယောက်မှာ သာဟန် က မျက်မမြင် ၊ လှဘော် က နားမကြား ယင်းအတွက်နန့်နှစ်ယောက်ပေါင်းမှ တစ်ကိုယ် ဆိုရေပိုင် တစ်ယောက်ကိုတစ်ယောက်ယုံကြည်အားကိုးစော်နန့်  ခရီးဆက်လာခကပ်တေ။

ယာခင်းတစ်ခုအဖြတ်မှာ လှဘော်က နောက်ကအသံ တစ်ခုကြားလို့ သာဟန်ကို အသိပီးပနာ ပတ်ဝန်းကျင်ကို အကဲခတ်ခိုင်းလိုက်၏ ။ သာဟန်လည်းနောက်ကိုလှည့်ကြည့်ကေ ပင် ယာစပ်ခြုံတောထဲက ကျားတစ်ကောင် ချောင်းနိန်စော်တွိရစော်နန့် ကောင်းလန့်လားခပနာ “ ကျားဝေ ကျား … ငါရို့နောက်မှာကျားတစ်ကောင်ချောင်းနိန်ရေ…” ဆိုပြီးကေ လှဘော်ကိုအသိပီးလိုက်၏။ နှစ်ယောက်သားအကြံထုတ်နိန်တုန်း သာဟန်က ယာလယ်ကောင်က အပင်တစ်ပင်ကိုမြင်ပနာ ယင်းအပင်ထက်ကိုတက်ဗြီးဖို့စိတ်ကူရလိုက်စော်နန့် သာဟန်ကို ပြောပြလိုက်၏။

ကျားကလည်းတစိုက်မတ်မတ်ကြည့်နိန်စော်ကနိန်ကြောဆန့်လာရေ ။ ယေကေပင် လှဘော်တစ်ယောက် သာဟန်လက်ကို လွှတ်ပနာ အပင်ထက်ကို အယင်းဆုံးဗြီးတက်လိုက်၏။ လှဘော်က အကူအညီတောင်းရေခါသာဟန်က မသိကွန်ဆောင်နိန်လိုက်၏။ အနောက်က အသံတဖြည်းဖြည်းနန့်ပိုကျယ် လာသဖြင့် သာဟန်လည်း မကြံသာရေ အဆုံး အပင်အောက်မှာ ပက်လက်လှဲပနာ သီကွန်ဆောင်နိန်လိုက်၏။ ကျားက သာဟန်လှဲနိန်စော်ကိုတွိရေခါ သူ့နား၊နှာခေါင်းတိကို ဟိုနမ်းဒေနမ်း လုပ်ပြီးကေ ၊ အသက်သျူ သံလည်းမကြားရရေအတွက် အေအတိုင်းထားပနာ ထွက်လားခ၏။ ယေခါမှ အပင်ထက် လှဘော်က ကမန်းကတမ်း ဆင်းလာပနာ “ သူငယ်ချင်း တစ်ခုလည်းမဖြစ်ခ မဟုတ်လား… ငါ့မှာစိတ်ပူလိုက်ရတေဝေ…။ ယေနန့်ကျားက နားရွက်နားကပ်ပနာ ဇာတိပြောလားခလဲ…” ဟုမီးလိုက်ရေ။ သာဟန်က “ ကျားကငါ့ကိုဆုံးမလားခရေဝေ … အေနိသူအသီကိုမစားလို့ သီလယူထားရေဆိုကား၊ ငါကလည်းအသက်မသျှူဆိုတော့အသီထင်လို့မစားခ…ယေဗြီးကေကျားကနောက်တခု သူ့ပါသူ ပြောလားခသိမ့်ရေ… နောက်ခရီးလားကေနတ်ယောင်ဂါးကိုသတိ ထားဖို့ကောင်းရေဟန့်…” ဟု ခြီဟန်လက်ဟန်နန့်ပြောပြလိုက်၏။


လေးစားစွာဖြင့်
စတိုး(၂၅၊၁၊၂၀၁၀)

Wednesday, January 13, 2010

ဆိတ်ကွယ်ရာ

အယင်ခေတ်ကဘုရင်တစ်ပါး တရက်နိန့် ကကောင်းစိတ်ဆန္ဒပြင်းပြရေအကြောင်းအရာတစ်ခုပေါ်လာ၏။ ယင်းအတွက်နန့် လူယုံတော်ကိုတစ်ယောက်တည်းခေါ်ပနာ ချက်ချင်းပင်စီစဉ်ဖို့ခိုင်းလိုက်တေ။ လူယုံတော်ကလည်းထူးထူးဆန်းဆန်း အေဘုရင်တစ်ပါး ဇာစိတ်ကူးတိပေါက်ပနာ လောင်းဒူ (အင်ဒုံ) ထဲမှာပွဲတော်ထဲက အစားအသောက်တိကိုအားလုံးလောင်းထဲ့ခိုင်းလည်း နားမလည်နိုင်ဖြစ်ယင်း သက်ဦးဆံပိုင် ဆိုတော့လည်းလုပ်ပီးလိုက်ရရေ။ ယေနဲ့အားလုံအဆင်သင့်ဖြစ်နိန်ပြီးယာဆိုကေ ဘုရင်ကလူယုံကို အပါးချေသို့ခေါ်လိုက်ရေ။ လူယုံရောက်လာစော်နန့်လိုင်မှာသံလျက်တင်ပြီးကေမောင်မင်း အေနိန့်မြင်သမျှကို တစ်ယောက်ဆိုတစ်ယောက်ကိုလည်း မပြောရ ၊ သတင်းပေါက်ကြားကေ မောင်းမင်းနန့်ပတ်သက်ရေဆွီစဉ်မျိုးဆက်အသတ်ခံရဖို့ဆိုပနာ ကတိတောင်းရေ၊ လူယုံတော်လည်း ခကြောက်ကြောက်နန့်ကတိပီးလိုက်၏။ ဘုရင်လည်းစိတ်ချလက်ချနန့်စိန်ပြေနပြေ ကကောင်းသုံးဆောင်တော်မူပလိုက်ပြီးခါမှ အားရကြေနပ်တော်မူခသည် ။ လူယုံတော်ခမျာ တော့ မယုံနိုင်ခြင်း၊အံသြခြင်း တိနန့် ရှင်ဘုရင်သုံးဆော်တော်မူခရေ တခန်းလုံးသန့်ရှင်းရေးလုပ်ဖို့ကျရေ၊ တခြားလူတိကိုလည်း အသိပီးလို့မရဆိုတော့ သူကိုယ်တိုင်ဒိုင်ခံရှင်းရ၏။ ယင်းပိုင်နန့် လူယုံတော်စိတ်ထဲမှာအေကိစ္စကိုတစ်ယောက်ယောက်ကို ကကောင်းဖွင့်ပြောပလိုက်ချင်ရေဆန္ဒ တိနန့် စားမ၀င်၊အိပ်မပျော်ဖြစ်နိန်ရသည်။ လူတိကိုဖွင့်ပြောကေလည်း စိတ်ချမရ၊ ယင်းအတွက်နန့် လူယုံတော်တစ်ယောက် တောထဲဝင်ပနာ အပင်တစ်ပင်ကိုပတ်ဗြီးယင်း သူပြောချင်သမျှရင်ဖွှင့်ပခ၏။ မကြာရေကာလမှာဘင် ဘရင်နန်းသစ်တက်ဖို့ တောထဲမှာနန်းတိုင်တိခွတ်ကပ်တေ။ လူယုံတော်ရောက်ခရေ အပင်နားရောက်စော်နန့် အပင်ကိုကြည့်ရေခါအခေါင်းပါနိန်လို့ နန်းတိုင်ခွတ်သမားတိကပယ်ပခရေ၊နောက်ကလိုက်လာရေ ဗုံ(ပတ်) သမားတိကအေအပင်က အခေါင်းပါပြီးသားဆိုတော့ အခေါင်းထွှင်းရသက်သာဖို့ဆိုပနာ ခွတ်ယူလားကပ်သည်။ နန်းတက်ဖို့ဗုံ(ပတ်)တီးစမ်းကပ်ကေပင် ဗုံ(ပတ်)သံက “ ရှင်ဘုရင်ဝက်ပိုင်စားရေ…၊ ရှင်ဘုရင်ဝက်ပိုင်စားရေ…” ဆိုပြီးကေ ဂီတသံငြိမ့်ပနာထွက်လာသည်။ ရှင်ဘုရင်လည်းနိုင်ငံမှာဟိရေ အတော်ဆုံးဗုံဆရာ၊ပတ်ဆရာ တိကိုခေါ်ပနာတီးခိုင်းပြန်ရေ၊ အသံကတတူတူထွက်လာရေခါ လူယုံတော်ကိုခေါ်မီးတော်မူရေ။ လူယုံတော်လည်းအမှန်ကို လျှောက်တင်လိုက်၏။ ယေခါမှရှင်ဘုရင်က “သြော် …လောကမှာ ဆိတ်ကွယ်ရာ အမှန်မဟိပါတကား” ဟုမိန့်တော်မူလီ၏။

(အလယ်တန်းကျောင်းသားဘ၀ကဆရာတစ်ယောက်ပြောပြရေ ဟာသအေကြောင်းအရာချေတခုကိုရီးသားထားခြင်းပါ ။)

လေးစားစွာဖြင့်
စတိုး (၂၊၁၊၂၀၁၀)

Sunday, October 11, 2009

ရွင့်လီနန့်မိုးစီစီငှက်

လီတိုက်ခတ်မှုသည်သဘာဝ။ ငှက်တိတောင်ပန်ခတ်ယင်းနန့် လီထဲမှလွတ်လပ်စွာပျံသန်းနိုင်ကပ်သည်။ ပျံသန်းမှုဘ၀နန့်ရပ်တည်ပနာ ငှက်လောကကိုကျင်လည်ချင်ရေဆန္ဒနန့် မိုးစီစီငှက်တစ်ကောင် ဝေလီဝေလင်းစကပင်ခရီးနှင်လာခသည်။ အရှိ(ဟြိ)ဘက်ထန်းတောက သူ့ဇာတိနိန်ရာ။ ပျံသန်းယင်းလမ်းဘေးကဖုန်းကြိုးတန်းမှာရပ်ပနာ အညောင်းစကေဖြေလိုက်သည် ။ တခါတလီတွိခရရေလီပွီအောက်မှာကလိန်သီးခတ်ခရရေအကြိမ်ပေါင်းကလည်းမနည်းမနော ။ ထန်းတောထဲက ရိက္ခာတိနန့်သူ့ဘ၀ရှင်သန်လာရသည်ကို အောက်မိယင်း လမ်းတွိစမ်းချင်စိတ်နန့်လိုရာခရီးကိုဆက်လျှောက်ဖို့အားသန်လာသည်။ ကြမ်းတန်းရေ ထန်းလက်ထန်းခက်တိထက်မှာနုညံ့ရေငှက်သိုက်နန့်ကြီးပြင်းခရသည်။အေနိန်ရာသည်ပင်တခါကသူ့ဘ၀ခိုလှုံရာ။ ကွင်းပြင်မှာအပျော်ပျံနိန်ခရေ အကွာအ၀ီးကို ခရီးတခုအဖြစ်ပြန်ပြောင်းကြည့်ကေ ပေါက်လိုက်လိမ္မယ်ခရီးဖြစ်ခြင်း၊ ခရီးပမာဏကိုမှန်းဆယင်းနန့်တွက်ချက်မိခ ။ ထိုးထွက်လာသောဝါးတစ်ပင်ကခွာချပခရရေ၀ါးပတ်တိအတွက်နှမြောလို့မရရေပိုင်၊ ၀ါးဆစ်ဖြစ်ပေါ်လာခြင်းသည်လည်းပုံမှန်သဘာဝပင်ဖြစ်သည်။ အာကာထက်မှာပျံပနာလီဟုန်စီးနိန်ရေ ဒေါင်းရန်ငှက်ကိုအားကျချင်ကေလည်း အင်အား၊လုပ်ရပ်နန့်ရလဒ်ကိုတော့ချင့်ချိန်နိန်မိရေ။ ဗျိုင်းဖြူချေတိပိုင်တောင်ပန်ဆန့်ယင်း တငြိမ့်ငြိမ့်တာဝီးပျံနိုင်ပါဖို့လားစိုင်းစားယင်း မတူညီရေခရီးလမ်းကြောင်းတိနန့် လျှောက်လှမ်းသူရို့၏ခရီးဆုံမှတ်ကရွီးခြယ်မှုကိုမူတည်ပနာထပ်တူညီသောသဘောတ ရားဟိကောင်းဟိနိုင်သည်ကိုလက်ခံမိသည်။ ခရီးထွင်လျှောက်ရို့အတွက်ခရီးပေါက်လီစိန်ခေါ်မှုတိကပိုများလီဖြစ်သည်။ ငှက်တစ်ကောင်အတွက်ပျံသန်းနိုင်မှုသည်သဘာဝလက်ဆောင်တခုပင်။ လီပွီအောက်မှာပျံသန်းရခြင်းက စိန်ခေါ်မှုတခုဖြစ်နိုင်ရေပိုင်တွန်းအားတခုလည်းဖြစ်နိန်ခသည်။ အေပိုင်စိန်ခေါ်မှုတိကပင်ခရီးရောက်ဖို့ဆွဲယူလာခသည်။ ပျံသန်းယင်းလွတ်လပ်နိန်ရေငှက်ချေတစ်ကောင်၏မဖြစ်စလောက်အတွီးအခေါ်ချေတိနန့် လှောင်အိမ်မဟိရေ အာကာပြင်အောက်မှာ မွန်းကြပ်နိန်ရေခံစားမှုတိက အစိုင်အလာတိကို ပုံတူကူးချဖို့အားမသန်နိုင်ခ။ မိမိလိုရာခရီးကို ကိုယ်တိုင်ရွီးခြယ်ပျံသန်းကပ်ရသည်။ ခြုံထဲမှငှက်ချေတစ်ကောင်မှာလည်း လိုရာခရီးကိုပျံသန်းဖို့လွတ်လပ်စွာ ရွီးခြယ်ခွင့်အပြည့်အ၀ဟိသည်။ လုပ်နိုင်စွမ်း၊ရင်ဆိုင်ရမည့်အခက်အခဲနန့်သက်လုံအားကောင်းမှုတိကို မိမိကိုယ်တိုင်နားလည်ရမည်သာ ။ လီပြင်းတိုက်နိန်တုန်းမှာတနားချေရပ်ပနာ၊လီကြောင်းနန့်လိုက်ပါပျံသန်းတတ်ဖို့လည်းလိုကောင်းလိုအပ်နိုင်သည်။ မိုးစီစီငှက်တိအမြင့်ပျံနိုင်ပနာ နှင်ရာခရီးကိုရောက်နိုင်ကပ်ပါစီ။

လေးစားစွာဖြင့်
စတိုး (၁၀ ၁၀ ၂၀၀၉)

သုံးပင်လိမ်

အလုပ်ချေ အကိုင်ချေနန့် အတည်တကျဖြိုက်နိန် ယာဆိုဗြီးကေ ကျောင်းဆရာကျော်ရွှေရီး တယောက်အိမ်ထောင်ရက်သားချေချဖို့ စိတ်ကူးပနာ ရွာထဲက ရည်းစားသယ် မဇင်ညိုဖူး ကို မယားခိုးလခစော် ရွာထဲမှာ စပယ်ရှယ်သတင်းထူးအဖြိုက် လူတိုင်းနှုတ်ဖျားမှာ ရီပန်းစားလျက် ရှိသည် ။ ဇင်ညိုဖူး အဖသည်ကတော့ တဦးတည်းသမီး ကိုမယားတက်မတောင်းလို့ ဆိုပနာကောင်းကောင်း ရင်ဆာနိန်သည် ။ ဇင်ညိုဖူး ဘကြီး သူ့အစ်ကိုသယ် (ဘုရားတကာ) ၀င်ပနာ ဖျောင်းဖျ၍သာ စိတ်ဖြေလိုက်ရသည်။

ကျော်ရွှေရီးက ကျောင်းဆရာ အနိန်နန့် စာအသင်အပြကောင်း ၊ စေတနာ အပြည့်အ၀ ဟိရေ ဆရာတယောက်ဖြိုက်သော်လည်း နိန်ထိုင်မှု အပိုင်းမှာလွတ်လပ်မှုကို ပိုတန်ဖိုးထားတတ်သည် ၊ ကျောင်းသား၊ကျောင်းသူချေတိကိုစည်းကမ်းဘောင်ထဲမှာလွတ်လပ်မှုဟိအောင်နိန်ထိုင်တတ်ဖို့ လမ်းညွှန် လေ့ဟိသည် ၊ လူငယ်ပီပီ တခါတရီ သောက်စားတတ်သည်။ ယပိုင်နန့်နောက်တပတ်ကြာကေ ပင်လူကြီးမိဖ တိကို မဟာမိတ်ဖွဲ့ ပနာမင်္ဂလာဆောင်ဖြစ်သည်။ ကျော်ရွှေရီး ယောက္ခထီးက မုတ်ဆိုးကျော်တယောက် ဖြစ် သည်၊ သို့သော် အရက်သမားဆိုကေ တစိချေလည်းကြည့်မရ ၊ အရက်နံ့က သူ့အတွက် အခံရအဆိုးဆုံး ဖြစ်သည်။

နွီရာသီကျောင်းပိတ်ရက်တရက် ကျော်ရွှေရီးတယောက်ရီချိန်များလာသည် ။ မယားသယ်က အကြောင်းသိ၍ အိပ်ရာအယင်ဝင်ဖို့ အကြံပီးယင်းမျက်ခုံးခလှုပ်လှုပ် ဖြစ်နိန်သည် ။ အကြောင်းကကျော်ရွှေရီး အရက်မူးကေ ယောင်ပနာ …ကော်နှက်တတ်သည် ။ အယင်တစ်လကစပနာ ရွာထဲမှာ ကော်နှက်ကေ ဒဏ်ရိုက်ခံရဖို့ ဆိုပနာ စီးကမ်းထုတ်ထားသည် ။ အေစီးကမ်းကို ဇင်ညိုဖူး ဘကြီးသယ် ရွာလူကြီး ဘုရားတကာက အကြံပီးထားခြင်းဖြစ်သည်။ ဇင်ညိုဖူးအဖသယ်က ပြင်လဂေါင် ကအပြန် ကျောင်းဆရာ ချခရော်ပြန်နိန်စော်တွိကေ ပင် “ အစိကေ အေနိန့် နင့်ယောက်ကျားကျောင်းဆရာ စာမိလာဟန်” ဆိုပနာ ခပ်တည်တည်နန့် ပြောလိုက်ယာ …ခမျှိုင်မျှိုင်ချေနန့် အိပ်မပျော် နိုင်သိမ့်ရေ ကျော်ရွှေရီးက “ မင်းမင်းမှာ လူကိုယာပြောယာ ကိုယ်ကို နိန့်တိုင်း ငှက်ပိုက် ၊ရှဉ့်လိုက်နန့် အကုသိုလ် လုပ်နိန်စော်ကျကေ ကောင်းဟုတ်ရေ ထင်မနိန်ကေ့ ” ဆိုပနာ ပြန်ပြောလိုက်စော်နန့် ၊ စိတ်ကြီးရေ ယောက္ခမသည်က “ အဝေ ကျောင်းဆရာ မတ်ငါ့ကို အေပိုင်ပြောရေ ၊ မတ် မစားလားငါ ရှာဟင်းကိုယကေ ၊ အားမနာ လိုက်တေဝေ …မတ်အဂုငါ့ အိမ်ထက်ကဆင်းဝေ… ” ဟုအော်လိုက်သည်။ ဇင်ညိုဖူးရို့ သားအမိက သမီးယောက္ခမ နှစ်ယောက်ကြား ၀င်ပနာဖြေရှင်းပီးလို့ စစ်ပွဲက စကေငြိမ်လခသည်။ ကျော်ရွှေရီးလည်းသတိဝင်လာပနာ “အေနိန့်တော့ မဆင်းနိုင်ယာ မင်းမင်း နက်ဖြန်မှ…..” ဟု တောင်စိုင်ရီ မရ ထပြောလိုက်သည်။

အချိန်က ညဉ့် ၁၁ နာရီခွဲလောက်ကျော်ရွှေရီးတယောက် လက်စွမ်းပြလိုက်တေ“…. ” ။ မယားသယ်က သတိပီးလိုက်တိုင်း “ဘုရား ဘုရား …” နန့်ပင်ယာ ။ ဘေးနားအိမ်က ဇင်ညိုဖူး ဘကြီးသယ်ကတော့ အေနိန့် ခါမှ ဘုရားစာဖတ်သံက ပိုကျယ်နိန်သည်။


ညဉ့်ခင်း ဖက် ၁ နာရီလောက် ဘုန်းကြီးကျောင်းက ရွာစုဖို့ တုန်းမောင်းခေါက်ကေ ပင်ကျော်ရွှေရီးတယောက် ရွာစုရေနိန်ရာသို့ လာလိုက်သည် ။ထင်ရေ အတိုင်း ညကကော်နှက်ရေလူတိစာရင်း ကို စုံစမ်းရာ ကျော်ရွှေရီးနာမေ ကမသေမချာ သက်သီမဟိဖြစ် နိန်သည်။ ယင်းအချိန်မှာ ပင် ဇင်ညိုဖူး ဘကြီးသယ်က နောက်တယောက်ကျန်သိမ့်ရေ ဆိုပနာ အမှန်ကို ပြောလိုက်ယာ လူတိအားလုံးပင် အံ့သြနိန်ကပ်သည်။ ကျော်ရွှေရီးက ကိုယ့်အကြောင်းကိုသိ၍ ငြိမ်နိန်လိုက်သည်။

အေနိန့် ရွာစုကပ်စော်မှာ ကျော်ရွှေရီးသတင်းကနာမေကြီးလို့ ပြင်လကောင် မှာ အနိန်များရေ သူ့ယောက္ခမသယ်လည်း အားလုံးသိ နိန်ခသည်။ ညစာဖက်ထမင်းစား ဗြီးကေကျော်ရွှေရီးတယောက် ယောက္ခထီးခေါ်၍လိုက်ပါလခသည် ။ ယောက္ခမသယ်က သူ့အစ်ကို အိမ်ဦးတည်လားနိန်သည်။ အိမ်ရှိအရောက်တွင် “အိုဘုရားတကာ တချက်ဆင်းပါခ…”ဟုခေါ်လိုက်ရာ ၊ မှင်သီသီနန့် သူ့အစ်ကိုသယ်ဆင်းလာကေ ပင် “ ကိုကြီး အေသူကို အစော်အ ငြိုးတိနန့် ဒဏ်ရိုက်ရောင်…၊ ညကငါ ဘုရားရှိခိုးနိန်လို့ မကြားလိုက်ဆိုကေလည်းရယင့်သားနန့် …” ဟု ပိတ်ပြောလိုက်သည်။ ယေအခါမှာ သူ့အစ်ကိုသယ် က “ မဟုတ်ဝေ အစိကေ ငါ့မှာအမှန်ပြောရဖို့ တာဝန်ဟိရေ ၊ အေရွာမှာ ငါလူကြီး…” ဟုပြန်ဖြေသည်။

“အမိယေ ကိုကြီးတချက်ပြောမနိန်ကေ့ ကျောင်းမှာ ဥပုဒ် စောင့်တေ ၊အိမ်ရောက်ကေ လက္ဖက်သုတ်စားရေ ၊ အချိုရေသောက်တေ ၊ ယေဗြီးကေ ဟိသိမ့်ယင့် … နိန့်တိုင်း ကွမ်းသီးခင်းထဲမှာ ရှဉ့်တိကို ဆောက်ခတ်နန့် ပိုက်နိန်စော်ကို လူတိမသိ မထင်ကေ့ …. ပြောခီကေ ဘုရားတကာ ” ဟုကျော်ရွှေရီး ယောက္ခထီးက စိတ်ပေါက်ပေါက် နန့် ပြောချလိုက်သည်။ အစ်ကိုသယ် ဘုရားတကာလည်း စိတ်တိုလာပနာ “ အဝေ အစိကေ မတ်ရို့သမီးယောက္ခနှစ်ယောက် ငါ့ကိုရန် ရှာဖို့လာလားဝေ… အေပိုင်မျိုးကားပျင်းရေဝေ… ” ၊ “ကျော်ရွှေရီး မတ်လည်းကျောင်းဆရာဖြိုက်နိန်လို့ယာ မဟုတ်ကေ လွယ်လီဖို့ မဟုတ် …” ဆိုပနာပြောဗြီးကေ ခတောင်းကျိုက်လိုက်ရာ မှင်အပြည့်ထိုးထားရေပေါင်နှစ်ချောင်းမှာ မှင်တိက ခရှုပ်ရှုပ်ခံနိန်ရေ အရီတိထက်မှာ ပီပီပြင်ပြင် ကိုပေါ်လာနိန်ခသည်။ ကျော်ရွှေရီးလည်း ခပ်တီတီနန့် “ ဟုတ်တေ မင်းမင်းပြောရေ ပိုင် အယင်တရက်နိန့် ညစာဖက်က မင်းကြီးဥပုဒ် တန်းလန်းနန့် ကွမ်းသီးခင်းထဲမှာ ရှဉ့်တိကို ဆောက်ခတ်ပိုက်နိန်စော် ကျနော်တွိခရေ…” ဆိုပနာ ၀င်ညှောင့်လိုက်ကေ ပင် ဘုရားတကာက အကျင့် အတိုင်း ဆောက်ခတ်ကောက်ဖို့ ပြင်လိုက်သည်…။ ယပိုင်ဆိုစော်နန့် ဘေးနားမှာဟိနိန် ကပ်ရေ လူတိအားလုံးဝင်လာပနာ ဆွဲကပ်ရသည်။ ကျော်ရွှေရီးလည်းအေနိန့် ကစပနာအရက် ပြတ်လခ သည်။

မည်သူ့ကိုမျှမ ရည်ရွယ်ပါ ။ စာလုံးပေါင်းနန့် အသုံးအနှုန်းတိမှာနိန်ကေ အမှန်ပြင်ပီး ၊ ဆွေးနွီးပီးကပ်ပါ ။

အားလုံးပျော်ရွှင်နိုင်ကပ်ပါစီ။
လေးစားစွာဖြင့်
စတိုး ( ၃၀ ၊ ၈ ၊ ၂၀၀၉ )

အဆောင်ထဲက ညတည…

နောက်ဆုံးနိန့်တက နောက်ဆုံးနိန့်တိထဲမှာ စာမိန်းပွဲနောက်ဆုံးနိန့် ကတော့ အလှပလှပျော်ဖို့ကောင်းစော်ရာမဟုတ်လား…။ ယင်းနိန့်တိထဲမှာမှမှတ်မှတ်ရရနိန့်တနိန့်…မြို့ချေတစ်မြို့ကနှစ်ထပ်အဆောင်တဆောင်မှာ xxx ဟီးရိုးငမိုးတယောက်လက်စွမ်းပြနိန်ရေ……………!
တထွီထွီ နန့်စုတ်ချက်တိဆွဲသတ်နိန်စော် ကျနော့်အခန်းထဲ ထရံတိခမျာ ပဂျီကားချပ်တိငိုရလောက်အောင် ငမိုးက လက်စွမ်းပြနိန်ရေ…ခြင်ထောင်တိ၊ပုဆိုးတိမှာတော့ ညက်ညက်ကြီလို့၊ တနားချေနိန်ကေ တေးခြင်းဆိုလာပြန်ရာ ။ တေးခြင်းကအဆန်း xxx “ငါအသက်ရှူလို့မရဝေ ၊ ငါအသက်ရှူလို့မ၀…” ယင်းအတွက်အဆောင်ကသူငယ်ချင်းအားလုံး တက်ပါလာခကပ်ရေ ကျနော့်အခန်းကို …ဟီးရိုးကတော့ကုတင်ထက်မှာ ပပက်ပျော်လို့…။ ဒီဇင်ဘာလတာလည်း အေနိန့်ညမှာတယောက်လည်းယင်းလောက်မချမ်းဘဲ “ချမ်းရေချမ်းရေ” ထအော်ပြန်ရေ…။
အဖြိုက်အပျက်ကိုမြင်စော်နန့် သဘာဟိရေ ကိုကြီးကျော် က “အောက်ထပ်မှာအချိုမှုန့်ဟိရေမဟုတ်လား ယူလာခဝေ ၊ယူလာခ” ဆိုစော်နန့် ကျနော်ရို့ တက်ညိန်လက်ညိန်နန့်ဟြှာကပ်ကေလည်း အချိုမှုန့်ကကုန်နိန်ရာ…။ ဆက်ပနာ ဘီဆစ်အသူ့မှာဟိဖို့လည်း လိုက် ကြည့်ပြန်ကေလည်းတယောက်မှာလည်းမဟိ…။ ယင်းအတွက်နန့် အဆောင်ဟြှိက အရီးအိမ်သားကိုလားပနာ အကူအညီတောင်းဖို့ကျရေ(ဘေးနားက အဆောင်ရှင်ရို့ကိုတော့ခါအသိတောင်မပီးဖြိုက်…)…။ အရီးကစိတ်ကောင်းဟိရေ ယေဗြီးကေ လမ်းမှာဘောလုံးကျောက်ယင်း သူ့သမိန်း ၉တန်းကျောင်းသူမချေကို နောက်ပိုးချနိန်ရေ နိုင်ကြီးကိုခေါ်လခစော်ဖြိုက်လို့ အားလုံးချောချောချူချူနန့် လိုအပ်ရေ အချိုမှုန့်ရို့ ၊ ဘီဆစ်ရို့အားလုံးရခရေ ။
တယောက်တပေါက် နောင့် အဖြိုက်မှန်ကိုပြန်ပြောကပ်ရေခါမှရာ… ငမိုး ကဟီးရိုးလုပ်ခစော်ကိုတဆောင်လုံးသိကပ်ခရေ…
ညနိန်ဘက်၅နာရီလောက်ကပင် မြို့ထွက်ဝမှာ စိတ်လွတ်ကိုလွတ် ဆိုင်ထိုင်နိန်ကပ်စော်… ၉နာရီခွဲလောက်မှပြန်လာကပ်ရေ။ ဆိုင်လားခါက လမ်းကကောင်းကျယ်ရေ ၊ ပြန်လာကပ်ခါ အေလူချေတစုနန့် လမ်းကျိုင်းပါလားရေ ၊ ဆိုက်ကားသမားတိဝင်တိုက်မိစော်လည်းအခါခါ…။အေနိန့်ခါ မှ ယင်းလူတိလည်းကောင်းသီးခံပါရမီပြည့်နိန်ကပ်စော်လို့ထင်ရေ …ခါတိုင်းပိုင်ဆိုကေတော့ခါ အရာညက်ညက်ကြီလားဖို့ထင်ရေ …ကျောင်းသားတိဆိုပနာလျှော်လိုက်စော်လည်းဟုတ်ချင်ဟုတ်ဖို့ရာသို့…။ယင်းပိုင်နန့် lucky point လက်ဖက်ရည်ဆိုင်ဟြိရောက်ကေ တခါ ဘုရင်မနန့် ကွမ်းစားပနာ ထပ်ဗြီးကေမောင်းတင်ကပ်သိန်းရေ…။ ငမိုးတယောက် အဆောင်နားကဘော်ဒါဆောင်ဟြှိရောက်စွာနန့် ဆယ်တန်းကျောင်းသူမချေတိကို စောင်းပနာ… ရေဒီယိုကမာရွတ် တေးခြင်းကို ဆိုရေခါ ကျနော်ရို့လည်းအားပီးကပ်ရေနောင့်…။ ယင်းအနားမှာတ၀အော်ပနာ တအောင့်ကြာစော်နန့် ဂွင်ကောင်းရေ အေဘက်က တခြားအဆောင်အလည်လာရင်းအဆောင်ဟြှိက တန်းထားထက် မှာဂီတာတီးပနာ တေးခြင်းဆိုကပ်ဗြန်ရေ…။ တအောင့်ချေလောက်နိန်စော်နန့် ငမိုးတယောက် အစော်စိတ်ကူးပေါက်လာပါမသိ…အေနိန့်ငါပျော်ရေ ဆိုပနာ တန်းထားအောက်က မြောင်းထဲကိုဂျွန်းထိုးချပလိုက်ရာ…။
ယေကေမဟုတ်လားယေ (ယပိုင်ဆိုစော်နန့်) ဂီတာတီးဗြီးကေ တေးခြင်းဆို နိန်ကပ်တေ ဘော်ဒါတိက ၀ိုင်းပနာ အားပီးပလိုက်ကပ်စော် လက်ခုပ်သံ၊လက်ပလီမှုတ်သံတိက ရပ်ကွက်တ၀က်လောက် ဆူညံလားခရေ…။ ဟွေဘက်အိမ်က ခြောင်းဆိုးသံ အေဖက်အိမ်ကအိုးသံ၊ခွက်သံတိလည်း စကေတဗွေ ကြားလိုက်ရတေ။ မြောင်းထဲက ငမိုးကို အားလုံးဝိုင်းပနာ ဆွဲတင်ကပ်လို့ ကိုယ့်ဆရာက ကုန်းထက်ရောက်ကေပင် တကိုယ်လုံး စွတ်စွတ်ဖတ်ဖတ်နန့် တေးခြင်းဆိုပြန်ရာ အ၀တ်အစားလဲဆိုလို့လည်းမရ...၊ ကျနော်ရို့လည်း ၀ိုင်းပနာ အားပီးကပ်ရေ နဲ့ယေ…။ ဆယ်မနိ ၊ ဆယ့်ငါးမိနိ လောက်ကြာစော်နန့် ငမိုး ကစပနာ အဆောင်ပြန်ကပ်မေ ပြောလို့ ကျနော်ရို့လည်း တ၀လည်းပျော်ပြီးရာ ၊ အ၀တ်စွတ်စွတ်ဖတ်ဖတ်နန့် ယင်းသူ ကိုလည်းငဲ့ပနာ အဆောင်ပြန်ချလာခကပ်တေ…။
အဆောင်ဝင်စော်နန့် ငမိုးက အထက်ထပ်က ကျနော့်အခန်းထဲဝင်ချလာခရေ… ၊ ခါတိုင်းအဆောင်မှာ အားနာတတ်ဆုံးလူ အေနိန့်ခါတော့ ကျနော့် ပုဆိုးကိုခြုံပနာ စာကြည့်စားပွဲကုတင်ထက် တက်အိပ်ဗြီးကေ အထက်မှာကျနော်ပြောခရေပိုင် ဇာတ်လမ်းစရာ…xxx ကျနော်လည်းနက်ဖန်ခါမှဆီးဖို့ရာဆိုပနာ အောက်ထပ်ဆင်းလာခရေ…။
အော်ယေဗြီးကေ ဆီးတိုက်စော်ကို တခါငမိုးက လာကျိ နိန်သိန်းရေ … အချိုမှုန့်ဖျော်ထားရေ သောက်ပလိုက်ဝေ၊ ယေဗြီးကေ ဘီဆစ်သောက်ပြောစော်နန့် အသက်ရှူမရဖြိုက်နိန်ရေလူက ကျနော်ရို့ တစုကိုတယောက်စီကြည့်ပနာ အဝေ မယ်သေ့သူ မတ်ဟိရေနောင့် ၊ အဝေမေ ၀ါသူမတ်ဟိရေ နောင့် ငါတခုခုဖြိုက်လားကေ မတ်ရို့မှာတာဝန် ဟိရေ နဲ့ပင်…(ဖိလို့ရာသတ်ပလိုက်ချင်ရေ ယင်းလောက်ကြိုးစားပမ်းစားနန့် ဆီးဟြှာထားရစော်ကိုမှအားမနာ )…ယေကေ အားလုံးရီဖို့ကျလခကပ်ရေ…။ ဆီးတိသောက်ဗြီးလို့ တအောင့်နိန်ကေ ငမိုးလည်း ………….ဟင်းဆိုပနာ …ငါအသက်ရှူလို့ရရာ..ရရာ ဆိုပလိုက်မှ ကျနော်ရို့ စိတ်ချ လက်ချ ဖြိုက်လခကပ်ရေ…။ အချိန်က လည်းမိုးလင်းဘက်ရောက်ပါလားခရာ…..။


အဆောင်က သူငယ်ချင်းတယောက်ကိုအမှတ်တရ နောင့်ရီးထားစော် ပါ…။
စတိုး(၂၈၊၀၇၊၂၀၀၉)