အယင်ခေတ်ကဘုရင်တစ်ပါး တရက်နိန့် ကကောင်းစိတ်ဆန္ဒပြင်းပြရေအကြောင်းအရာတစ်ခုပေါ်လာ၏။ ယင်းအတွက်နန့် လူယုံတော်ကိုတစ်ယောက်တည်းခေါ်ပနာ ချက်ချင်းပင်စီစဉ်ဖို့ခိုင်းလိုက်တေ။ လူယုံတော်ကလည်းထူးထူးဆန်းဆန်း အေဘုရင်တစ်ပါး ဇာစိတ်ကူးတိပေါက်ပနာ လောင်းဒူ (အင်ဒုံ) ထဲမှာပွဲတော်ထဲက အစားအသောက်တိကိုအားလုံးလောင်းထဲ့ခိုင်းလည်း နားမလည်နိုင်ဖြစ်ယင်း သက်ဦးဆံပိုင် ဆိုတော့လည်းလုပ်ပီးလိုက်ရရေ။ ယေနဲ့အားလုံအဆင်သင့်ဖြစ်နိန်ပြီးယာဆိုကေ ဘုရင်ကလူယုံကို အပါးချေသို့ခေါ်လိုက်ရေ။ လူယုံရောက်လာစော်နန့်လိုင်မှာသံလျက်တင်ပြီးကေမောင်မင်း အေနိန့်မြင်သမျှကို တစ်ယောက်ဆိုတစ်ယောက်ကိုလည်း မပြောရ ၊ သတင်းပေါက်ကြားကေ မောင်းမင်းနန့်ပတ်သက်ရေဆွီစဉ်မျိုးဆက်အသတ်ခံရဖို့ဆိုပနာ ကတိတောင်းရေ၊ လူယုံတော်လည်း ခကြောက်ကြောက်နန့်ကတိပီးလိုက်၏။ ဘုရင်လည်းစိတ်ချလက်ချနန့်စိန်ပြေနပြေ ကကောင်းသုံးဆောင်တော်မူပလိုက်ပြီးခါမှ အားရကြေနပ်တော်မူခသည် ။ လူယုံတော်ခမျာ တော့ မယုံနိုင်ခြင်း၊အံသြခြင်း တိနန့် ရှင်ဘုရင်သုံးဆော်တော်မူခရေ တခန်းလုံးသန့်ရှင်းရေးလုပ်ဖို့ကျရေ၊ တခြားလူတိကိုလည်း အသိပီးလို့မရဆိုတော့ သူကိုယ်တိုင်ဒိုင်ခံရှင်းရ၏။ ယင်းပိုင်နန့် လူယုံတော်စိတ်ထဲမှာအေကိစ္စကိုတစ်ယောက်ယောက်ကို ကကောင်းဖွင့်ပြောပလိုက်ချင်ရေဆန္ဒ တိနန့် စားမ၀င်၊အိပ်မပျော်ဖြစ်နိန်ရသည်။ လူတိကိုဖွင့်ပြောကေလည်း စိတ်ချမရ၊ ယင်းအတွက်နန့် လူယုံတော်တစ်ယောက် တောထဲဝင်ပနာ အပင်တစ်ပင်ကိုပတ်ဗြီးယင်း သူပြောချင်သမျှရင်ဖွှင့်ပခ၏။ မကြာရေကာလမှာဘင် ဘရင်နန်းသစ်တက်ဖို့ တောထဲမှာနန်းတိုင်တိခွတ်ကပ်တေ။ လူယုံတော်ရောက်ခရေ အပင်နားရောက်စော်နန့် အပင်ကိုကြည့်ရေခါအခေါင်းပါနိန်လို့ နန်းတိုင်ခွတ်သမားတိကပယ်ပခရေ၊နောက်ကလိုက်လာရေ ဗုံ(ပတ်) သမားတိကအေအပင်က အခေါင်းပါပြီးသားဆိုတော့ အခေါင်းထွှင်းရသက်သာဖို့ဆိုပနာ ခွတ်ယူလားကပ်သည်။ နန်းတက်ဖို့ဗုံ(ပတ်)တီးစမ်းကပ်ကေပင် ဗုံ(ပတ်)သံက “ ရှင်ဘုရင်ဝက်ပိုင်စားရေ…၊ ရှင်ဘုရင်ဝက်ပိုင်စားရေ…” ဆိုပြီးကေ ဂီတသံငြိမ့်ပနာထွက်လာသည်။ ရှင်ဘုရင်လည်းနိုင်ငံမှာဟိရေ အတော်ဆုံးဗုံဆရာ၊ပတ်ဆရာ တိကိုခေါ်ပနာတီးခိုင်းပြန်ရေ၊ အသံကတတူတူထွက်လာရေခါ လူယုံတော်ကိုခေါ်မီးတော်မူရေ။ လူယုံတော်လည်းအမှန်ကို လျှောက်တင်လိုက်၏။ ယေခါမှရှင်ဘုရင်က “သြော် …လောကမှာ ဆိတ်ကွယ်ရာ အမှန်မဟိပါတကား” ဟုမိန့်တော်မူလီ၏။
(အလယ်တန်းကျောင်းသားဘ၀ကဆရာတစ်ယောက်ပြောပြရေ ဟာသအေကြောင်းအရာချေတခုကိုရီးသားထားခြင်းပါ ။)
လေးစားစွာဖြင့်
စတိုး (၂၊၁၊၂၀၁၀)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment